top of page

အသက်မွေးဝမ်းကျောင်းသင်တန်းများ

ငွေကြေးပိုင်းဆိုင်ရာတွင် အမှီအခိုကင်းစွာထောက်ပံ့ပေးနိုင်ရေးသည် ပြန်လည်ထူထောင်ရေးအတွက် အရေးပါသော ရှုထောင့်တစ်ခုဖြစ်ပါသည်။ လူကုန်ကူးခံရသူများ နောက်တစ်ကြိမ် ထပ်မံလူကုန်ကူးခံရမှုမျိုးမဖြစ်အောင် ၄င်းတို့၏ အသိပညာပိုင်းနှင့် အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ပေးသော သင်တန်းအခွင့်အလမ်းများ ရရှိနိုင်မှုသည် မရှိမဖြစ် လိုအပ်ပါသည်။ လာရောက်အကူအညီရယူသူ တစ်ဦးတစ်ယောက်ချင်းစီ စိတ်ဝင်စားသောအကြောင်းအရာနှင့် အနာဂတ်တွင်ဖြစ်လိုသော အိပ်မက်များပေါ်လိုက်၍ သင်တန်းများကို ပို့ချပေးလျက်ရှိပါသည်။

Edenအနေဖြင့် Edenတွင် လာရောက်အကူအညီရယူသူများကို သင်တန်းများနှင့် အလုပ်သင်အစီအစဉ်များတွင် တက်ရောက်လုပ်ကိုင်ရန်နေရာပေးသော ပြင်ပအဖွဲ့အစည်းများစွာနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ Edenတွင် လာရောက်အကူအညီရယူသူအနေဖြင့် တက်ရောက်နိုင်သောအစီအစဉ်ကို စိတ်ပါဝင်စားခဲ့သည်ရှိသော် ထိုအစီအစဉ်အား တက်ရောက်နိုင်ရန် Edenမှ အပြည့်အဝ ကူညီလျက်ပေးလျက်ရှိပါသည်။

Su Su.jpg
bottom of page